TapTube - မကြာခဏမေးလေ့ရှိသော မေးခွန်းများ (FAQs)
TapTube ဝန်ဆောင်မှုနှင့် ပတ်သက်၍ အသုံးပြုသူများ သိရှိလိုသည်များကို အောက်ပါအတိုင်း အုပ်စုခွဲ၍ ရှင်းလင်းတင်ပြထားပါသည်။
၁။ အခြေခံအချက်အလက်များ (General Information)
မေး - TapTube ဆိုတာ ဘာလဲ?
ဖြေ - TapTube ဆိုတာ ကမ္ဘာကျော်စာအုပ်ကောင်းတွေနဲ့ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာတွေကို အချိန်တိုအတွင်း မြန်မာဘာသာနဲ့ အနှစ်ချုပ် နားဆင်နိုင်တဲ့ Audiobook (အသံစာအုပ်) Platform တစ်ခု ဖြစ်ပါတယ်။ Web Portal နဲ့ Mobile Application တို့ကတစ်ဆင့် စိတ်ဝင်စားဖွယ်ရာ ကဏ္ဍပေါင်းစုံကို တိုက်ရိုက်နားဆင်နိုင်မှာ ဖြစ်ပါတယ်။
မေး - အသံစာအုပ်တွေထဲမှာ ဘယ်လိုအမျိုးအစား (Categories) တွေ ပါဝင်မှာလဲ?
ဖြေ - အောင်မြင်ကျော်ကြားသူတွေရဲ့ အတ္ထုပ္ပတ္တိ (Biography)၊ စီးပွားရေးနဲ့ စီမံခန့်ခွဲမှု (Management & Marketing)၊ မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်စေမယ့် နည်းလမ်းများ (Personal Development)၊ စိတ်ပညာ (Psychology)၊ သမိုင်း (History)၊ မိဘအုပ်ထိန်းမှု (Parenting) နဲ့ ပေါင်းသင်းဆက်ဆံရေး (Relationship) အစရှိတဲ့ ကဏ္ဍစုံကို အနှစ်ချုပ် တင်ဆက်ထားပါတယ်။
၂။ ဝန်ဆောင်မှု ရယူခြင်းနှင့် ငွေပေးချေမှု (Subscription & Payment)
မေး - TapTube ဝန်ဆောင်မှုကို ဘယ်လို ရယူနိုင်မလဲ?
ဖြေ - အော်ပရေတာအလိုက် အောက်ပါအတိုင်း ရယူနိုင်ပါသည်။
MPT အသုံးပြုသူများ: 8934 သို့ ON (သို့မဟုတ်) OND ဟု SMS ပေးပို့၍သော်လည်းကောင်း၊ USSD *9595*29# ကို ခေါ်ဆို၍သော်လည်းကောင်း ရယူနိုင်ပါသည်။
ATOM အသုံးပြုသူများ: https://www.taptubemm.com ဝဘ်ဆိုက်သို့ ဝင်ရောက်ပြီး မိမိတို့ရဲ့ ATOM ဖုန်းနံပါတ်ဖြင့် စာရင်းသွင်း ရယူနိုင်ပါတယ်။
မေး - ဝန်ဆောင်မှုခ (Service Fees) ဘယ်လောက် ကျသင့်မှာလဲ?
ဖြေ - နေ့စဉ်ပေး ဝန်ဆောင်မှုအတွက် တစ်ရက်လျှင် ၁၅၀ ကျပ် (အခွန်အပါအဝင်) ကျသင့်မှာဖြစ်ပြီး သက်ဆိုင်ရာ MPT/ATOM ဖုန်းလက်ကျန်ငွေထဲကနေ ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။
မေး - တခြား Operator (ဥပမာ- Ooredoo, Mytel) ဆင်းမ်ကတ်တွေနဲ့ Subscribe လုပ်လို့ ရမလား?
ဖြေ - လက်ရှိတွင် ဝန်ဆောင်မှု ဝယ်ယူရန်အတွက် MPT နှင့် ATOM အော်ပရေတာ နှစ်ခုကိုသာ အသုံးပြုနိုင်ပါတယ်။ အနာဂတ်တွင် အခြားသော ငွေပေးချေမှုစနစ်များ ထပ်မံတိုးချဲ့သွားဖို့ ပြင်ဆင်နေပါတယ်ရှင်။
မေး - ဖုန်းလက်ကျန်ငွေ မလုံလောက်ပါက ဘာဖြစ်မလဲ?
ဖြေ - ဝန်ဆောင်မှုခ ဖြတ်တောက်ရန် ဖုန်းလက်ကျန်ငွေ မလုံလောက်ပါက TapTube ရှိ အသံစာအုပ်များကို ဆက်လက်နားဆင်နိုင်မည် မဟုတ်ပါ။ ငွေပြန်လည်ဖြည့်သွင်းပြီးမှသာ ဆက်လက်နားဆင်နိုင်မှာ ဖြစ်ပါတယ်။
၃။ အသုံးပြုမှုနှင့် နည်းပညာ (Usage & Technical)
မေး - အသံစာအုပ်များကို ဘယ်လို နားဆင်နိုင်မလဲ?
ဖြေ - ဝန်ဆောင်မှုရယူပြီးနောက် TapTube ပေါ်ရှိ အသံစာအုပ်များအားလုံးကို စိတ်ကြိုက်ရွေးချယ်နားဆင်နိုင်ပါသည်။ ဝန်ဆောင်မှုကို တစ်ရက်စာ ဝယ်ယူထားခြင်းဖြစ်တဲ့အတွက် ၂၄ နာရီပတ်လုံး အကန့်အသတ်မရှိ နားဆင်နိုင်မှာ ဖြစ်ပါတယ်။
မေး - အင်တာနက် (Data) သို့မဟုတ် WiFi ဖြင့် နားဆင်နိုင်မလား?
ဖြေ - ရပါသည်။ ဝန်ဆောင်မှုဝယ်ယူရာတွင်သာ MPT/ATOM SIM လိုအပ်ပြီး နားဆင်ရာတွင် မည်သည့်အော်ပရေတာ ဒေတာ (Internet Data) သို့မဟုတ် WiFi ဖြင့်မဆို အသုံးပြုနိုင်ပါသည်။
မေး - Download ဆွဲပြီး Offline နားဆင်နိုင်မလား?
ဖြေ - လက်ရှိ Web App ဝန်ဆောင်မှုသည် အင်တာနက် အသုံးပြုပြီး တိုက်ရိုက်နားဆင်ရသော (Online Streaming) စနစ်ဖြစ်ပါတယ်။ ဖုန်းထဲသို့ Download ပြုလုပ်၍ သိမ်းဆည်းထားနိုင်ခြင်း မရှိသေးပါရှင်။
၄။ ဝန်ဆောင်မှု ရပ်ဆိုင်းခြင်း (Cancellation)
မေး - ဝန်ဆောင်မှုကို ဘယ်လို ပြန်လည်ရပ်ဆိုင်း (Unsubscribe) နိုင်မလဲ?
ဖြေ -
MPT အသုံးပြုသူများ: Web Portal/App ရှိ Profile အတွင်းရှိ "ဝန်ဆောင်မှု ရပ်ဆိုင်းမည်" ကို နှိပ်၍သော်လည်းကောင်း၊ 8934 သို့ OFF ဟု SMS ပေးပို့၍သော်လည်းကောင်း ရပ်ဆိုင်းနိုင်ပါတယ်။
ATOM အသုံးပြုသူများ: Profile အတွင်းမှ “ဝန်ဆောင်မှု ရပ်ဆိုင်းမည်” ကိုနှိပ်၍သော်လည်းကောင်း၊ *979*3*2# ကို ခေါ်ဆို၍သော်လည်းကောင်း ရပ်ဆိုင်းနိုင်ပါသည်။
ဆက်သွယ်ရန်: ဝန်ဆောင်မှုနှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက ဝန်ဆောင်မှုဖုန်း - ၀၉-၇၆၀၃၀၉၇၀၆ သို့ ဆက်သွယ်နိုင်ပါသည်။